ကိုယ့်နားကို လက်ပစ်ဗုံး ကျလာရင်
ဘာလုပ်ရမလဲ ?

အားလုံး အန္တရာယ်ကင်းဖို့အတွက် လက်ပစ်ဗုံးတစ်လုံး ရဲ့ ပေါက်ကွဲပုံ ပေါက်ကွဲနည်းတွေကို အကြမ်းဖျင်းလေး sharing လုပ်ပေးပါ့မယ် ...

လက်ပစ်ဗုံး (Grenade) ဆိုတာ ယမ်းတွေ သိပ်ထည့်ထားတဲ့ ယမ်းလုံးကြီးတစ်ခုပါပဲ .. ဗုံးပစ်ခါနီး ရင် ဆွဲဖြုတ်ရတဲ့
Safety pin လို့ ခေါ်တဲ့ လက်ပစ်ဗုံးက အကွင်းလေးက အရမ်း မာတင်းပါတယ် ...

ရုပ်ရှင်တွေထဲမှာပါသလို Safety အကွင်း ကို သွားနဲ့ ကိုက်ဖြုတ်ဖို့ဆိုရင် ခင်ဗျားတို့ သွားဟာ ဟာကြူလီလိုသန်မာ နေမှ ရပါလိမ့်မယ်.. သာမန်လူအနေနဲ့ကတော့ သွားနဲ့ကိုက်ဖြုတ်ဖို့ ဆိုတာ တကယ်မလွယ်တာပါ ....

safety pin လေး ဖြုတ်လိုက်တာနဲ့ အထဲက စနက်တံက မီးစ မလောင်သေးပါဘူး ဘေးနားက safety lever လို့ခေါ်တဲ့လက်ညှစ်တံလေးကို ညှစ်ပြီး ပြန်လွှတ်လိုက်မှ သာအထဲက စနက်တံက မီးစတင် လောင်ကျွမ်းတာပါ။ လောင်ကျွမ်းချိန်က 4 second ပါ

ဗုံးပစ်တဲ့ လူက Safety lever ကို လွှတ်ပြီး လှမ်းပစ်လိုက်တယ်ဆိုရင် ဗုံးက ကိုယ့်နားကိုရောက်တဲ့ချိန်မှာ 3 second လောက်ပဲ ကျန်ပါလိမ့်မယ် .. ဗုံးက ကိုယ့်ရှေ့နားကို ဘုတ်ခနဲ ကျလာပြီ ဆိုပါတော့ ခင်ဗျား 3 second နဲ့ ဘယ်နားပြေးမလဲ ?

ဗုံးတွေရဲ့ ပေါက်ကွဲပုံက သူရဲ့ 45° degree အထက်ကို ဖြန့်ပြီး ပေါက်ကွဲတာမျိုးပါ.. အဲ့ဒီ့တော့ ခင်ဗျား 45 degree အောက်ရောက်နေရင် ဘေးကင်းပါတယ် ..

ဆိုတော့ကာ ကိုယ်ရှေ့နား လက်ပစ်ဗုံးကျလာပြီဆိုရင်
ဘယ်မှ မပြေးပါနဲ့ ကွဲသံပြီးသည်အထိ ပြားပြား၀ပ်နေပါ
ဗုံးကွဲသံကြောင့် နားအူသွားတာမျိုး Stun ဖြစ်သွားတာမျိုးပဲ ဖြစ်နိုင်ပါတယ် ..

ဗုံးဟေ့ ဆိုတာနဲ့ ထိုး၀ပ် လိုက်ပါ.. အကာအကွယ်မှာ နေတဲ့သူဆိုလည်း ကြမ်းပြင်ပေါ် ထိုး၀ပ် လိုက်ပါ.. မတ်တပ်ကြီးနဲ့ လျှောက်ပြေးမနေပါနဲ့ … ​ကြမ်းပြင် ပေါ်၀ပ်ဖိို့လည်း
ရှက်မနေပါနဲ့
(မြေပြင်ပေါ်ဝပ်တဲ့အခါ ရင်ဘတ်နဲ့မြေပြင်နဲ့ မထိအောင်အထူးသတိပြုပါ ပေါက်ကွဲအားရဲ့တုန်ခါမှုကြောင့် နှလုံးရပ်နိုင်ပါတယ် အကောင်းဆုံးက ဒိုက်ထိုးတဲ့နည်းနဲ့ဝပ်ပါ safe အဖြစ်ဆုံးပါ)

ကိုယ့်အသက်လောက် ဘာမှ အရေးမကြီးပါဘူး
ဘေးအန္တရာယ်ကင်းကြပါစေ

ပြန်လည်ကူးယူတင်ပြသည်

ပြည်သူတယောက်တလေကိုမှထပ်ပြီးအထိခိုက်၊အဆုံးရှုံးမခံနိုင်ဘူးနော်၊ အားလုံးအစစအရာရာဂရုစိုက်ကြပါ 🙏

--

--

I'm Fining for All

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store