အမေရိကန် မဝင်ပါဘူး၊ R2P မလာပါဘူး၊ UN မဝင်ပါဘူး false hope မပေးပါနဲ့ ဆိုတဲ့ လူတွေကို ပြောချင်ပါတယ်။ နိုင်ငံတကာ သတင်းတွေဖတ်ပါလို့။

အေး အဲတော့ ဝင်တော့မှာလားဆိုရင်လဲ နိုင်ငံတကာ သတင်းတွေဖတ်ပါလို့။ ကိစ္စက yes or no ပြောရလောက်အောင် အဲလို မရိုးရှင်းဘူး။

ဒီဇာတ်လမ်းမှာ အဓိက ဇာတ်လိုက်ကျော်သည် တောင်တရုပ်ပင်လယ်နဲ့ ထိုင်ဝမ်ပဲ။ မြန်မာဆိုတာ ဇာတ်ပို့အဆင့်ပေါ့။ တကယ်က US တရုပ် ထိုင်ဝမ် မြန်မာ အာဆီယံ ဆိုတဲ့ အတွဲလိုက် ဇာတ်လမ်းကြီး ကနေတာမို့ မြန်မာက ဒီ ကမ္ဘ့ာဇာတ်ခုံပေါ်က သူတို့ ရိုက်မဲ့ WW3 ဇာတ်ကွက်ထဲ ပါတော့ ပါနေတယ်။

ဖြစ်ပုံကတော့ တရုပ်က ထိုင်ဝမ်ကို ဝင်သိမ်းချင်နေတာ တပိုင်းသေနေတယ်။ US က ထိုင်ဝမ်ကို ကာကွယ်ပေးပါမယ်လို့ ကတိကဝတ်ရှိထားတော့ ကာကွယ်ပေးနေတယ်။ ဂျပန်နဲ့ ကိုရီးယားကလဲ တောင်တရုပ်ပင်လယ်မှာ တရုပ်ကြီး မင်းမူလာရင် သူတို့ကို တိုက်ရိုက်ငြိတာမို့ အမေရိကန်နဲ့ ထိုင်ဝမ်ဖက်က ဝင်ပါပေးနေတယ်။

ဒါက မအလ အာဏာမသိမ်းခင် နိုင်ငံတကာ အခင်းအကျင်း။ အဲမှာ မအလ က WW3 ဇာတ်လမ်းတွဲကြီးကို မဖတ်ပဲ အာဏာကောက်သိမ်းချလိုက်တော့ သူကိုယ်တိုင် အဲဇာတ်လမ်းထဲ ပါလာတာပဲ။

US က တောင်တရုပ်ပင်လယ်ကို စစ်ရေးလေ့ကျင့်မယ်ဆိုပြီး စစ်သင်္ဘောတွေ ပို့လိုက်တယ်။ တရုပ်ကြီးက အားကျမခံ အမေရိကန်တပည့် ဖိလစ်ပိုင်ရေပိုင်နက်ကို ကျူးကျော်ပြတယ်။ တောင်တရုပ်ပင်လယ်ထဲ လက်ယားလက်ယား လုပ်ပြတယ်။

ဒီတော့ US က တရုပ်ရဲ့ နောက် ပင်လယ်ထွက်ပေါက် ဘင်္ဂလားပင်လယ်အော်ဖက် ပြန်ဖိပြတယ်။ အိန္ဒိယနဲ့ ပေါင်းပြီး ပြင်သစ်က စပွန်ဆာ လုပ် စစ်ရေးလေ့ကျင့်မယ်လုပ်တယ်။ တကယ်တော့ စစ်ရေးပြချင်တာ တရုပ်ဆိုပေမဲ့ ဒီဖက်က မအလ တို့က နေမထိ ထိုင်မထိတွေ ဖြစ်နေတယ်။ ဒါတောင် အကုန်ရောက်မလာသေးဘူး။ စစ်ရေး လေ့ကျင့်တာက ၄ ရက်နေ့မှာ စမှာ။ မအလ က ခုကို ဖင်တကြွကြွ ဖြစ်နေပီ။

အဲတော့ မြန်မာကို US က ဝင်တာနဲ့ တရုပ်က ထိုင်ဝမ်ကို ဝင်လိမ့်မယ်။ တရုပ်က ထိုင်ဝမ်ကို ဝင်တာနဲ့ US က မြန်မာကို ဝင်လိမ့်မယ်။ မင့်ဝင်ရင် အကုန်ဝင်မှာနော်ဆိုပြီး US နောက်က စောင့်နေတာလဲ တကမ္ဘာလုံး နီးပါးပဲ။ Russia ကတော့ ငါမပါဘူးနော်ဆိုပြီး စောစောစီးစီး ရှောင်ထားပြီးသား။

အဲလိုဆို တရုပ်က ထိုင်ဝမ်ကိစ္စ ဝင်မပါနဲ့ဆိုပြီး US ကို မြန်မာကို ရှော်ပေးရအောင်က ထိုင်ဝမ်ကသာ US အတွက် နံပါတ်တစ်။ တရုပ်ဖက်ကလဲ မြန်မာကိုတော့ မလိုချင်ဘူး၊ ထိုင်ဝမ်ပဲ လိုချင်တာမို့ တရုပ်အတွက်လဲ ထိုင်ဝမ်က နံပါတ်တစ်ပဲ။ ဒီတော့ မြန်မာကို ဒုတိယ နယ်ရုပ်လောက်ပဲ နှစ်နိုင်ငံလုံးက သဘောထားတာ၊ ဒုတိယ bargaining chip ပေါ့။

ဖြစ်ပုံက အဲဒါပဲ။ အမေရိကန်ဖက်က တကမ္ဘာလုံးပဲ ပါပါ၊ တရုပ်မှာ နူရှိနေတဲ့အတွက် တကမ္ဘာလုံးနဲ့ တယောက်လဲ ကြောက်စရာတော့ မဟုတ်သေးဘူး။ ဒါကြောင့် လူတိုင်းက အကုန် ငြိငြိနှိုင်းနှိုင်း လုပ်နေရတာ။ အလက်စကာ စည်းဝေးပွဲမှာလဲ ဘာမှ ညှိလို့မရသေးလို့ ခုထိ အကုန်လုံးက political deadlock ပဲ။

ဒီနေရာမှာ မြန်မာနိုင်ငံက စစ်တပ်တွေက စူပါ ပါဝါကြီး ၂ ခုအတွက် ကစားစရာ နယ်ရုပ်တွေ ဖြစ်လာနေတယ်။ တိုင်းရင်းသာတပ်တွေ နိုင်လာတာနဲ့ အမျှ US ရဲ့ အာဏာလွမ်းမိုးမှုက သူ့ဟာသူ ကျယ်လာမှာမို့ တရုပ်ကြီး ခေါင်းခြောက်စရာ ဖြစ်နေတယ်။ မအလ တို့ကိုလဲ ပေါ်တင်ကြီး ထောက်ခံရအောင်က သေနာတွေက ကလေးပါ မကျန် လူသတ်ပြနေတော့ သူအတွက်လဲ မြွေပွေး ခါးပိုက်ပိုက်ထားသလိုပဲ။

အဲတော့ ဇာတ်လမ်းက အတွဲလိုက်ကြီးပဲ။ တနေရာထဲ ကွက်ကြည့်ပြီး ပြောရင် ဇာတ်ရည် လည်မှာ မဟုတ်ဘူး။ ဘာဆက်ဖြစ်မလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး။ သေချာတာ political tension ကတော့ WW3 ဖြစ်လောက်အောင်ကို ပြင်းထန်နေတာပဲ။ မဖြစ်အောင်တော့ တချိန်မှာ သူတို့ ထိုးကျွေးကြမှာပဲ။ ဘယ်သူက ဘယ်သူ့ကို ထိုးကျွေးမလဲကတော့ ဒီအချိန်မှာ ဘာမှ ပြောလို့မရသေးဘူး။

#Crd to uploader

--

--

I'm Fining for All

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store