The first people-driven social network

- Ultra private
- Blockchain technology
- Your content is YOURS !!!
- AI Video technology at your fingertips
- Earn, Buy and Sell inside the ecosystem
- Streaming, Chat, Talk, Video, and much more

Register Early and Earn Coin
https://beta.omni.ai/ref/yT58782267/


In Myanmar.. the people are against their military. I hope this png photo will bring the future light if Myanmar.


အားလုံး အန္တရာယ်ကင်းဖို့အတွက် လက်ပစ်ဗုံးတစ်လုံး ရဲ့ ပေါက်ကွဲပုံ ပေါက်ကွဲနည်းတွေကို အကြမ်းဖျင်းလေး sharing လုပ်ပေးပါ့မယ် ...

လက်ပစ်ဗုံး (Grenade) ဆိုတာ ယမ်းတွေ သိပ်ထည့်ထားတဲ့ ယမ်းလုံးကြီးတစ်ခုပါပဲ .. ဗုံးပစ်ခါနီး ရင် ဆွဲဖြုတ်ရတဲ့
Safety pin လို့ ခေါ်တဲ့ လက်ပစ်ဗုံးက အကွင်းလေးက အရမ်း မာတင်းပါတယ် ...


အမေရိကန် မဝင်ပါဘူး၊ R2P မလာပါဘူး၊ UN မဝင်ပါဘူး false hope မပေးပါနဲ့ ဆိုတဲ့ လူတွေကို ပြောချင်ပါတယ်။ နိုင်ငံတကာ သတင်းတွေဖတ်ပါလို့။

အေး အဲတော့ ဝင်တော့မှာလားဆိုရင်လဲ နိုင်ငံတကာ သတင်းတွေဖတ်ပါလို့။ ကိစ္စက yes or no ပြောရလောက်အောင် အဲလို မရိုးရှင်းဘူး။

ဒီဇာတ်လမ်းမှာ အဓိက ဇာတ်လိုက်ကျော်သည် တောင်တရုပ်ပင်လယ်နဲ့ ထိုင်ဝမ်ပဲ။ မြန်မာဆိုတာ ဇာတ်ပို့အဆင့်ပေါ့။ တကယ်က US တရုပ် ထိုင်ဝမ် မြန်မာ အာဆီယံ ဆိုတဲ့ အတွဲလိုက် ဇာတ်လမ်းကြီး ကနေတာမို့ မြန်မာက ဒီ ကမ္ဘ့ာဇာတ်ခုံပေါ်က သူတို့ ရိုက်မဲ့ WW3 ဇာတ်ကွက်ထဲ ပါတော့ ပါနေတယ်။


မြန်မာ့အရေးအတွက် US ဝင်ခြင်း၊ မဝင်ခြင်းကို မျှော်နေရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုဆိုရင် US သမ္မတ၊ လွှတ်တော် နဲ့ စစ်တပ်၊ အားလုံးက တူညီတဲ့အသံ တစ်သံထဲကို ထွက်နေကြတယ် ဆိုတာဟာ အရေးပါတဲ့ ကိစ္စတစ်ခုပါ။

စစ်တပ်တစ်ခုရဲ့ ကျင့်ဝတ်နဲ့ မညီဘဲ၊ လက်နက်အားကိုး အကြမ်းဖက် နေတဲ့အတွက် ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်လာတဲ့ အမေရိကန် စစ်ဦးစီးများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး မာ့ခ်မီလေး အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံများရဲ့ စစ်ဦးစီးချုပ်များ။

မာ့ခ်မီလေးဟာ တစ်လောလေးကပဲ အမေရိကန်ရွေးကောက်ပွဲ မတိုင်မှီ -

"စစ်တပ်ဆိုတာ လူတစ်ဦး၊ အာဏာရှင်တစ်ဦးကို သစ္စာခံဖို့မဟုတ်ဘူး၊ ဟိုးအခြေခံ စစ်သည်တော်များ အပါအဝင် စစ်သားတစ်ဦးချင်းစီ အားလုံးအားလုံးက အခြေခံဥပဒေကိုသာ စောင့်သိရိုသေ သစ္စာခံရတယ်"

- ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ မိန့်ခွန်းကို အမေရိကန် သမ္မတရှေ့မှာ ပြောခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့အရေးအတွက် US ဝင်ခြင်း၊ မဝင်ခြင်းကို မျှော်နေရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုဆိုရင် US သမ္မတ၊ လွှတ်တော် နဲ့ စစ်တပ်၊ အားလုံးက တူညီတဲ့အသံ တစ်သံထဲကို ထွက်နေကြတယ် ဆိုတာဟာ အရေးပါတဲ့ ကိစ္စတစ်ခုပါ။

https://www.defense.gov/Explore/News/Article/Article/2552774/international-chiefs-of-defense-condemn-use-of-lethal-force-in-burma/

Credit — Sir. Ei Maung


ဒီအချိန်မှာ အသက်အရွယ်တွေ၊ ကျား/မတွေထက် ပိုအရေးကြီးတာက ငါတို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာက ပိုအဓိကကျပါတယ်...

နောက်ပြီး ဖယ်ဒရယ်တပ်မတော်ဆိုတာနဲ့ ကျနော်တို့က အကုန်လုံး သေနတ်ကိုင်ပြီး ရှေ့တန်းထွက်ရမယ်လို့ မဆိုလိုပါဘူး...အဲ့တော့ သွေးထွက်သံယိုတွေ၊ သေမှာကြောက်တဲ့သူတွေလည်း ပူးပေါင်းပါဝင်နိုင်ပါလိမ့်မယ်...

အဓိကကျတာက ခင်ဗျားဘာလုပ်တတ်လဲ.. ဘယ်နေရာမှာ ကျွမ်းကျင်လဲပေါ့...

တကယ့်အကြီးစား institution အနေနဲ့ သွားမှာ
ဆိုတော့ လိုအပ်လာမယ့် အလုပ်တွေနဲ့ တာဝန်
တွေက အများကြီး ဖြစ်နေမှာပါ.. သေနတ်ကိုင်ပြီး တိုက်ရဲခိုက်ရဲမှမဟုတ်ဘူး...

  • ခင်ဗျား ထမင်းချက်တတ်လား
    လာ...ရဲဘော်တွေအတွက် စားဖို့သောက်ဖို့ တာဝန်ယူ...
  • ခင်ဗျား ဆေးကုတတ်လား
    လာ...တပ်ထဲမှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စတွေ တာဝန်ယူ...
  • ခင်ဗျား ကားမောင်းတတ်လား
    လာ...ယာဉ်ကြီး၊ ယာဉ်ငယ် ကျွမ်းကျင်ရာမောင်းဖို့ တာဝန်ယူ...
  • ခင်ဗျား logistics သမားလား
    လာ...လက်နက်၊ ပစ္စည်း၊ ရိက္ခာ သိုလှောင်သိမ်းဆည်း ဖြန့်ဝေရေးမှာ တာဝန်ယူ...
  • ခင်ဗျား ပိုက်ဆံချမ်းသာလား
    လာ...လစဉ် လိုအပ်မယ့် စစ်အသုံးစရိတ်ထောက်ပံ့ရေးမှာ တာဝန်ယူ...
  • ခင်ဗျား အိုင်တီသမားလား
    လာ...ကွန်ပျူတာ/အိုင်တီနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တာဝန်ယူ...
  • ခင်ဗျား အင်ဂျင်နီယာလား
    လာ...ခင်ဗျားကျွမ်းကျင်တဲ့ ပညာရပ်နဲ့ ဆက်စပ်တဲ့ Civil, mechanical, electrical အပိုင်းတွေမှာ တာဝန်ယူ…

UN တို့ US တို့ရဲ့ Page တွေအောက်မှာ
comment တွေရေးပြီး ခနဲ့တာ ​လှောင်တာတွေရပ်ပါ ။

ကိုယ်ကျွေးထားတာ တစ်ခုမှမရှိ ၊ မြန်မာပြည်ရဲ့ကျေးဇူးတစ်ခုမှ မရှိပဲ မြန်မာပြည်ကို ရသလောက်ကူညီနေကြတာပါ ။

သူများနိုင်ငံကို အလကားလာတိုက်ပေးဖို့လည်း သူတို့မှာ တာဝန်မရှိပါဘူး ။

အဲ့လို လာမတိုက်လို့ ခနဲ့တဲ့တဲ့ရေးနေကြမယ့်အစား ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ ။

ငါကရော နိုင်ငံအတွက် ဘယ်လောက်လုပ်ပေးနေလဲ ၊ လုပ်ပေးနိုင်လဲလို့ မေးကြည့်ပါ ။

ကိုယ်ကိုယ်တိုင်က တော်လှန်ရေးအတွက် အစွမ်းကုန်တိုက်ပွဲဝင်နေတာမဟုတ်ပဲ တခြားသူတွေကို လျှောက်လှောင်နေတာက ရှက်ဖို့ကောင်းပါတယ် ။

ကိုယ်လုပ်နိုင်ရင် ကိုယ်နိုင်သမျှဆက်လုပ်ပါ ။ တခြားနိုင်ငံတွေကို လိုက်ရွဲ့မနေပါနဲ့ ။

မင်းလောင်းမျှော်တဲ့အကျင့် တော်တော့

Credit


မန္တလေးမြို့က မြင်ကွင်းများ
DVB
မန္တလေးတမြို့လုံးနီးပါးကို စစ်တပ်နဲ့ ရဲက လှည့်လည် ပစ်ခတ်နေပါတယ်။လမ်း‌မတွေနဲ့ လမ်းသွယ်တွေကြားမှာလည်း မီးရှို့ထားတာတွေ ရှိပါတယ်။ပစ်ခတ်မှုတွေ ရှိနေတဲ့ကြားက ပြောက်ကျားဆန္ဒပြမှုတွေကိုလည်း လုပ်ဆောင်နေ ကြပါတယ်။


မန္တလေးမြို့က ပစ်ခတ်ခံရပြီး မြင်ကွင်းများ
DVB

မတ်လ၂၇ ရက်နေ့မှာ ဆန္ဒပြသူတွေနဲ့ မန္တလေးမြို့က အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်ရဲတွေနဲ့ စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့တာကြောင့် ကျဆုံးခဲ့သူတချို့ ရှိကြောင်း သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်


The U.S. Embassy confirms that shots were fired at American Center Yangon on March 27. There were no injuries. We are investigating the incident.

Yann Min Htan

I'm Fining for All

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store