KiWi Browser မှာ MetaMask Extension ထည့်နည်း

KiWi Browser မှာ Metamask Extension ထည့်နည်းပြောပြပါ့မယ့်။ Metamask ဆိုတာ TrustWallet လိုမျိုး Decentralized Wallet တစ်ခုပါပဲ။ Metamast မှာရော TrustWallet မှာပါ Dapp Support ပေးပါတယ်။ ဒါပေမယ့် Mobile Apps တွေမှာဆို သူတို့ရဲ့ Dappမှာ Desktop Mode ပြောင်းပြီးသုံးလို့မရတာကြောင့် Desktop mode နဲ့သုံးလို့ပဲရတဲ့ Web3 site တွေဆို အခုလို Wallet Extension သွင်းထားမှ အဆင်ပြေမှာပါ။

ပထမဆုံး Kiwi Browser ကို မရှိသေးရင် ဒီကနေDownload ဆွဲလိုက်ပါ။

ပြီးရင် Install တင်ပြီး ဝင်လိုက်ပါ။ ကျနော့်လို အလင်းစူးတာမခံနိုင်တဲ့သူတွေအတွက် Dark mode ပြောင်းနည်း ပြထားပါတယ်။( ေအာက်ပုံ)

ပြီးရင် Search bar မှာ “metamask extension” ဆိုပြီး ရိုက်ရှာလိုက်ပါ။ ပြီးရင် MetaMask-Chrome Web Store ဆိုတဲ့ Link ကိုနှိပ်လိုက်ပါ။

ပြထားတာ သေးနေလို့ အကြီးနဲ့ ပြပေးပါ့မယ်။

အခုလို မရှာချင်ဘူးဆိုလည်း ဒီLink ကို Copy ယူပြီး Paste ချလိုက်ရင်ရပါတယ်။

https://chrome.google.com/webstore/detail/metamask/nkbihfbeogaeaoehlefnkodbefgpgknn

ပြီးရင် ဒီလိုရောက်သွားပါမယ်။ 'Add to Chrome' ဆိုတာလေးကို နှိပ်ပေးပါ။ ပေါ်လာတဲ့ Pop up Dialog လေးကို Ok နှိပ်ပေးပြီးရင် Checking ဆိုပြီးပြနေလိမ့်မယ်။ MetaMask Extension ကို Download ဆွဲနေတာပါ ခဏစောင့်ပေးပါ။ ( အောက်ပုံ)

Extension ကို Download ဆွဲ ပြီးရင်အောက်ကပုံထဲကလို Remove from Chrome ဆိုပြီး ပေါ်​ေနရင်ရပါပြီ။

ပြီးကျရင် Download ဆွဲထားတဲ့ MetaMask Extension ထဲဝင်ချင်ရင် အောက်က ပြထားသလို ဝင်ပါ။

ပြီးကျရင် view ကျယ်သွားအောင် Desktop Mode ပြောင်းထားပါ။ ပြထားပါတယ်။

ပြီးရင် Get Start ကိုနှိပ်ပေးပါ။ Import နဲ့ Create ဆိုပြီး ပေါ်လာမှာပါ။ ကိုယ့်မှာ Wallet မရှိသေးရင် Create Wallet ကို နှိပ်ပြီး Wallet အသစ်တစ်ခုလုပ်ရင်ရပါတယ်။ ကျနော်ကတော့ Wallet ရှိပြီးသားဆိုတော့ Import ကိုပဲနှိပ်မှာပါ။ (TrustWallet က Recovery Phrases စာလုံး၁၂လုံး ကို MetaMask အပြင် တခြား Decentralized Wallet မှာဝင်လည်း ကိုယ့်ထဲမှာရှိတဲ့ Coins တွေ အားလုံးတူတူပဲရှိနေမှာပါ။ )

Import နှိပ်လိုက်တဲ့အတွက် အောက်ကပုံထဲကလိုပေါ်လာမှာပါ။ Agree နှိပ်၊ Recovery Phrases (12 or 24 words) ဖြည့် Password သက်မှတ်ပြီး ပြထားတဲ့အတိုင်း နှိပ်လိုက်ပါ။

ကိုယ့် Wallet ကို import အောင်မြင်စွာ import လုပ်လိုက်ပါပြီ။ အရင် TrustWallet ထဲက 0.0022Eth ရှိတဲ့အတွက် MetaMask ထဲမှာလည်း 0.0022Eth ပြနေတာပါ။ (ဒါကြောင့်မို့ ကိုယ့်ရဲ့ Wallet Key တွေကို သေချာ မှတ်ထားကြဖို့လိုပါမယ်။) Centralized စနစ်လို Passwords မေ့နေရင် Forget passwords လုပ်လို့မရပါဘူး။

Kiwi Browser မှာ MetaMask Extension ထည့်ပြီးပြီးဆိုရင် Web3 Website တွေ Kiwi ကနေဝင်တဲ့အခါ ကိုယ့်ရဲ့ Wallet နဲ့ Connect လုပ်လို့ရပါပြီ။

Yann Min Htan

--

--

I'm Fining for All

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store