Telegram Acc ဖွင့်နည်းနှင့် လုံခြုံအောင်သုံးနည်း

Telegram ဆိုတာ Pear to Pear နဲ့ ကိုယ့်ပို့လိုက်တဲ့ Data ကိုလုံခြုံအောင် Encryption လုပ်ပြီး ပို့ပေးတဲ့ chat app တစ်ခုလို့ သက်မှတ်လို့ရပါတယ်။ တခြား Chat Apps တွေထက်လည်း ပိုပြီး Privacy Secure ဖြစ်လို့ လူသုံးများပါတယ်။ နောက်ပြီး အသစ်အသစ်သော Features တွေက Upgrade လုပ်လာတဲ့အပြင် Open Source ဖြစ်တဲ့အတွက် Third-Party Developer တွေကလည်း အကြိုက်တွေ့ကြပါတယ်။

Telegram မှာဆို File Size 2GB ကျော်အထိ ပို့လို့ရပြီး Secret Chat Mode နဲ့ End-to-End Encryption နည်းသုံးပြီး စာတွေ ဖိုင်တွေ ပို့လို့ရပါတယ်။ ပြီးရင် External Bot တွေကနေလည်း Group တွေကနေ Survey တွေ စာရင်းတွေ ကောက်ယူလို့ရပါတယ်။ သူတို့အသင့်သုံးလို့ရအောင် ဖန်တီးပေးထားတဲ့ Template Bot တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်လည်း Airdrop လုပ်ရင် Telegram သုံးကြရတာ ဒီBot တွေကနေတဆင့် စာရင်းရယူနိုင်လို့ဖြစ်ပါတယ်။

ပထမဆုံး Telegram Apk မရှိသေးရင် ဒီကနေ Download ဆွဲပြီး Install တင်လိုက်ပါ။

ပြီးရင် အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Start Messaging ကိုနှိပ် Phone no ဖြည့်ပြီး Verification Code ဂဏန်း (မက်ဆေ့ကနေပို့လာတာ)ကို ထည့်ပေးလိုက်ရုံပါပဲ။ (ပုံထဲက India ကိုရွေးထားလို့ +91 ဖြစ်နေတာပါ။ Myanmar ကိုရွေးလိုက်ရင် Country Code +95 ပြပါလိမ့်မယ်၊ ဥပမာ ကိုယ့်ဖုန်းနံပါတ်က 09440232321 ဆိုရင် Country Code အပါအဝင်ဆို +95 9440232321 (သို့) +95 09440232321 ပုံစံ ဖြစ်ရပါမယ်)။ ဒါမှ SMS ကနေ Verification Code ဝင်လာမှာပါ။

ပြီးရင် နာမည်ဖြည့်ရပါတော့မယ်။ ဥပမာ ကိုယ့်နာမည်က Min Khant Zaw ဆိုပါဆို့။ First Name — Min , Last Name — Khant Zaw ဆိုပြီး ဖြည့်သင့်ပါတယ်။ ဒါမှ အပြည့်အစုံနဲ့ Min Khant Zaw ဆိုပြီး ပြပေးမှာပါ။

နောက်ပြီးရင် ဘေးနားက Menu (အချောင်းသုံးချောင်း) ကိုနှိပ် Setting ကိုထပ်နှိပ်လိုက်ရင် Privacy and Security ကိုတွေ့ပါလိမ့်မယ်။ ဒီထဲမှာ ကိုယ့်အတွက် လုံခြုံအောင် Setting တွေ ပြောင်းချင်ပြောင်းလို့ရပါတယ်။

Username ထည့်နည်း

Username ဆိုတာ Name နဲ့မတူပါဘူး။ Username ကို သက်မှတ်ရင် Space မခြားဘဲ တဆက်တည်းရေးရပါတယ်။ ကိုယ်သက်မှတ်လိုက်တဲ့ Username က တခြားတယောက်နဲ့ တူနေလို့မရပါဘူး။ တူနေရင်လည်း ဂဏန်းတွေပြန်ဖြည့်ပြီး ရေးရင်ရပါတယ်။ Airdrop လုပ်မယ့်သူတွေအတွက် တိုတိုတုတ်တုတ်လေးနဲ့ မှတ်မိလွယ်တာထားသင့်ပါတယ်။ ကိုယ့် Usernmae က ကိုယ့်ရဲ့ Identity ပါ ကိုယ့်ရဲ့ Acc link မှာလည်း ကိုယ့်သက်မှတ်တဲ့ Username နဲ့ပဲလာမှာပါ။ နာမည်တူတွေရှာမရတော့ရင် Username နဲ့ရှာလို့ရပါတယ်။ Username Addနည်း အောက်ပုံမှာပြပေးထားပါတယ်။ Airdrop လုပ်မယ်ဆို သေချာပေါက် Username သက်မှတ်ထားရပါမယ်။

Telegram App တစ်ခုထဲမှာ အကောင့်များစွာဖွင့်သုံးနည်း

Telegram App တစ်ခုထဲမှာ ပုံမှန်အားဖြင့် Multi Acc ၃ခု အထိ ဖွင့်လို့ရပါတယ်။ ​အောက်မှာ ပြပေးထားပါတယ်။

အပေါ်ပုံကအတိုင်း Menu (အချောင်းသုံးချောင်းကို)ကိုနှိပ်ပြီး ကိုယ့်Name ဘေးက မျှားလေးကိုနှိပ်ပါ။ ပြီးရင် အောက်ကပုံလိုဆက်လုပ်ပါ။

+Add Account ကိုနှိပ်ပြီး အကောင့်သစ်တစ်ခုထပ်ထည့်လို့ရပါတယ်။ (ပထမ အပေါ်က ပြထားခဲ့တဲ့ Telegram ဖွင့်နည်းအတိုင်း ဆက်လုပ်သွားရုံပါပဲ)

Multi-Acc ထည့်လိုက်ရင် နောက်ဆုံးမြင်ရမယ့်ပုံစံဖြစ်ပါတယ်။ (အပေါ်ပုံ) ။ ပုံမှန်ဆို Telegram App တစ်ခုမှာ 3acc ပဲအများဆုံး ထည့်လို့ရပါတယ်။ အများကြီး ထည့်သုံးချင်တာမျိုးဆို Telegram X လို Appမှာ အကောင့် သုံးခုထက်ပိုပြီး ဖွင့်သုံးလို့ရပါတယ်။ Airdrop Fake Ref သမားတွေအတွက် App Cloner တွေနဲ့ စိတ်ရှုပ်စရာမလိုတော့ဘူးပေါ့။

Telegram Acc ဖျက်နည်း

Telegram Account ဖျက်ချင်ရင် နှစ်နည်းရှိပါတယ်။ ပထမနည်းက Privacy and Security ထဲကနေ Account Self-Destructs လုပ်လိုက်တာပါ။ (အောက်ပုံမှာပြထားပါတယ်) ။ ၁လ,၃လ,၆လ,၁နှစ်ဆိုပြီး ကိုယ် မသုံးတော့ရင် သူ့အလိုလို ​အကောင့်ပျက်သွားမယ့်အချိန်ကို ရွေးပေးလို့ရပါတယ်။

နောက်တစ်နည်းက Manual နဲ့နဲ့ Acc Delete လုပ်နည်းပါ။

https://my.telegram.org/auth?to=deactivate

ဒီ Link ကနေဝင်ပြီး (သို့) Copy ယူ Browser တစ်ခုခုမှာ Paste ချဝင်ပြီး ကိုယ့်ရဲ့ ဖုန်းနံပါတ်ကိုဖြည့်ပါ။ အောက်ကပုံမှာပြထားပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။

ပြီးရင် Country Code + Ph no (+95 9440232321) အဲ့လိုဖြည့်ပြီး Comfirmation Code ကို ကို့ Telegram Chat ထဲ ပို့လာပါမယ်။ ယူဖြည့်ပြီး Sign in နှိပ်လိုက်ရုံပါပဲ။ အောက်မှာ နမူနာပုံပြပေးထားပါတယ်။

ပြီးရင်… Why are you leaving? မှာ ရေးချင်တဲ့အကြောင်းပြချက်တချို့ရေးပြီး Delete My Account ကိုနှိပ်ပါ။ (အောက်ပုံ)

ပြီးရင် Yes,delete mu account ဆိုတာလေးကို နှိပ်ပြီး အတည်ပြုပေးပါ။ ဒါဆိုရင် Telegram Account ကို Self-Destructs နည်းလို လမခြားပဲ ချက်ချင်းအပြီးဖျက်လို့ရပါပြီ။

သတိထားရမှာပါ Telegram Accကို ဖျက်လိုက်ပြီဆိုတာနဲ့ ကိုယ်ဝင်ထားခဲ့တဲ့ Group,Channel တွေအပြင် Chat history အားလုံးပျက်သွားမှာပါ။ နောက်တစ်ခါပြန်ဝင်ရင်လည်း အရင် Chat history တွေ ပြန်ရတော့မှာမဟုတ်သလို အသစ်တိုင်းပဲဖြစ်နေမှာပါ။ ပြီးရင် Recovery လုပ်လို့မရပါဘူး။

ဒီလောက်ဆို သိသင့်သလောက် သိကြပြီလို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

--

--

I'm Fining for All

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store