TrustWallet အကောင့်ဖွင့်နည်း
TrustWallet ဆိုတာ ကိုယ့်ရဲ့ Crypto နဲ့ပက်သက်တဲ့ Coins(Tokens) တွေကို သိမ်းလို့ရတဲ့ App တစ်ခုပါ။ အရိုးရှင်းဆုံးပြောရရင် ပိုက်ဆံအိတ်တစ်ခုပေါ့။ နောက်ပြီး TrustWallet က Multi-chain Wallet ဖြစ်တဲ့အတွက် ကြိုက်နှစ်သက်ရာ Coins (Tokens) တွေကို သိမ်းဆည်းလို့ရတယ်။ ဥပမာ Btc,Eth,Bnb, စသည်ဖြင့် Crypto အမျိုးစားပေါင်းများစွာကို Wallet App တစ်ခုထဲမှာပဲ လက်ခံ သိမ်းဆည်းလို့ရပါတယ်။
ဒါကြောင့်မို့ Airdrop ပဲလုပ်လုပ် Crypto Trader ပဲလုပ်လုပ်၊ Crypto နဲ့ပက်သက်တာမှန်သမျှ ကိုယ့်မှာသိမ်းထားဖို့ Wallet တစ်ခုတော့ ရှိဖို့လိုအပ်ပါတယ်။
Account ဖွင့်ဖို့အတွက် ပထမဦးဆုံး TrustWalllet App ကို ဒီကနေ Download ဆွဲပါ။
Download / Install တင်ပြီးရင် ဝင်လိုက်ပါ။ အောက်ကပုံလို ပေါ်လာပါမယ်။
ကိုယ့်မှာ အကောင့် မရှိသေးတဲ့အတွက် Create a new wallet ဆိုတာလေးကို နှိပ်ပါ။ ပြီးရင် Recovery Phrase ဆိုတဲ့ စာစုလေး ၁၂လုံး ကို Copy ယူပြီး Note ထဲသေချာမှတ်ထားရပါမယ်။ ပြီးရင် Continue ကိုဆက်နှိပ်ပြီး ကိုယ်မှတ်ခဲ့တဲ့ စာလုံးလေးတွေကို သူရွေးခိုင်းတဲ့အတိုင်း အစဥ်လိုက်ရွေးပေးရပါမယ်။ ကိုယ်မှတ်ခဲ့တာသေချာလား အတည်ပြုတဲ့သဘောပါ။ အခုဆို TrustWallet မှာ Account တစ်ခု အောင်မြင်စွာဖွင့်ပြီးပါပြီ။
ပြီးတော့ မသိသေးတဲ့သူတွေအတွက် ပြောပြချင်ပါတယ်။ Decentralized လို့ခေါ်တဲ့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ Blockchain Wallet တစ်ခုမှာ ကျနော်တို့ မြင်တွေနေကျ Centralized လို Mail တို့၊ ဖုန်းနံပါတ်တို့နဲ့ အကောင့်ဖွင့်ဖို့ မလိုအပ်ပါဘူး။ Recovery Phrase ကိုလည်း တစ်စုံတယောက်ကို ပြတာမျိုး ပို့ပေးတာမျိုးတွေ မလုပ်ရပါဘူး။ ( ကိုယ်တစ်ယောက်ပဲသိနေသင့်ပါတယ်။)
အကောင့်ဖွင့်ပြီးသွားရင် Crypto လက်ခံဖို့ သက်ဆိုင်ရာ Coin အလိုက် လက်ခံချင်တဲ့ဟာကိုရွေးပြီး Adress ယူလို့ရပါတယ်။ ဥပမာအနေနဲ့ Smart Chain (BNB) ရဲ့ Adress ယူတာကို အောက်မှာ ပြပေးထားပါတယ်။
Smart Chain (BNB) ရဲ့ Adress ကို ယူမှာဖြစ်တဲ့အတွက် Smart Chain ကိုနှိပ်ပြီး Receive ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Adress ကိုတွေ့ရပါမယ်။ Copy ယူပြီး ကိုယ့်ကို လွှဲပေးမယ့်သူကို ပို့ပေးလိုက်ရုံနဲ့ တဖက်လူက ကိုယ့်ဆီရောက်အောင် လွှဲခဲ့ပါလိမ့်မယ်။
ဒီအတိုင်းပဲ ကိုယ့်ဆီက BNB Coin တွေကို တခြားသူဆီလွှဲပေးမယ်ဆိုရင် Send ကိုနှိပ်ပြီး လက်ခံမယ့်သူရဲ့ Adress ထည့်၊ လွှဲချင်တဲ့ BNB ပမာဏထည့်ပြီး Sendလိုက်ရုံပါပဲ။ (အောက်ပုံမှာ ပြထားပါတယ်)
TrustWallet မှာ အကောင့်ဖွင့်ဖွင့်ချင်း Default အနေနဲ့ Btc, BNB, စတဲ့ Coins တွေကို ပြပေးပေမယ့် ကိုယ်လိုချင်တဲ့ Coins တွေကိုလည်း ကြိုက်သလို ထပ်ထည့်လို့ရပါသေးတယ်။ ထည့်နည်းက Contract Adress ရှာလို့ရသလို နာမည်ကိုရိုက်ရှာလည်းရပါတယ်။ အောက်မှာ ပြပေးထားတာက နာမည်နဲ့ရိုက်ရှာပြီး ကိုယ့် Walletမှာပေါ်အောင် လုပ်ပြထားပါတယ်။ (ဥပမာအနေနဲ့ Litecoin ကို ထည့်ပြထားပါတယ်)
နောက်ပြီး Contract Adress နဲ့ရှာပြီး ထည့်တဲ့နည်း ပြပေးပါမယ်။ New Coins(Tokens) တွေက နေ့တိုင်း ထောင်နဲ့ချီပြီးပေါ်နေတော့ နာမည်တူတဲ့ Coin တွေ တခြားမှားယွင်းနိုင်တဲ့အခြေနေများကြီးရှိပါတယ်။ ဥပမာ Project အသစ်တွေကနေ သူတို့ Coins ကို Airdrop အနေနဲ့ စပေးလာပြီဆိုရင် New Coins တွေဖြစ်တဲ့အတွက် နာမည်ရှာဖို့က မလွယ်ပါဘူး။ ပြီးတော့ Token Name တွေကလည်း ဆင်တူနဲ့ မှားနိုင်ပါတယ်။
Airdrop လုပ်မယ်ဆို လက်ခံမယ့် Adress မှားလို့မဖြစ်တာကြောင့် Contract Adress နဲ့ လိုက်ရှာပြီး Coins(Tokens) တွေကို Addသင့်ပါတယ်။ Contract Adress ကိုတော့ သူတို့ သက်ဆိုင်ရာ Project မှာ ပြထားတတ်ပါတယ်။ Copy ယူပြီး ကိုယ့် TrustWallet မှာ လာ Addလိုက်ရုံပါပဲ။ အောက်မှာ Contract Adress နဲ့ Tokens တွေကို Add နည်းပြပေးထားပါတယ်။
Contract Adress နဲ့ရှာပြီး Coins(Tokens) ထည့်တာပါ။ တချို့ Coins(Tokens) တွေက Contract Adress ထည့်ပြီးရှာရင်လည်းမပေါ်ပါဘူး။ အဲ့လိုမပေါ်တဲ့ Tokens တွေကို Costum နည်းနဲ့ ထည့်ရင်ရပါတယ်။ အောက်မှာပြပေးထားပါတယ်။
စောနတုန်းကအတိုင်း Contract Adress ထည့်ပြီးရှာရင် မပေါ်တဲ့ Tokens တွေကို Add Custom Token ဆိုတဲ့ ဟာနှိပ်ပြီး Contract Adress ဖြည့်ရမယ့်နေရာ ကိုယ့်ထည့်ချင်တဲ့ Contract Adress ထည့်လိုက်ရင် Token ပေါ်လာပါမယ်။ ပုံမှန်အားဖြင့် Smart Contract ပေါ်တည်ဆောက်ထားတာဖြစ်တဲ့အတွက် သူတို့ Data တွေက Cloud ပေါ်ရှိနေပြီးသားပါ။ Contract Adress ဖြည့်လိုက်ရုံနဲ့ Name, Symbol, Decimal တွေက အလိုအလျောက် ပေါ်လာပါမယ်။ သတိထားရမှာ Network မမှားဖိူ့တော့လိုပါမယ်။
အခုကျနော် ဖြည့်ပြထားတဲ့ Hve2 token က Ethereum Chain ပေါ်မှာတည်ဆောက်ထားတဲ့ Token တစ်ခုမို့ Network မှာ Ethereum ဆိုပြီးရွေးပေးရတာပါ။ ကိုယ့် Add ရမယ့် Tokens က ဘယ် Network ပေါ်က Tokens လည်းသိရဖို့ဆို သက်ဆိုင်ရာ Airdrop Page, Channel, Website တွေမှာ ရှာလို့ရပါတယ်။
နောက်ပြီးရင် Multi-Wallet (Wallet ပေါင်းများစွာ) Appတစ်ခုထဲမှာ import လုပ်နည်းပြောပြပါ့မယ်။ ပထမဆုံး button tab bar ပေါ်က Setting ကိုနှိပ်ပြီး အပေါ်ဖက်က (+) အပေါင်းလေးကိုနှိပ်ပါ။ (အောက်ပုံ)
ပြီးကျရင် ကိုယ် ပထမဆုံး TrustWallet ဖွင့်တဲ့ပုံစံကို ရောက်သွားပါလိမ့်မယ်။ Create a new Wallet ရယ် I already have a wallet ရယ်ဆိုပြီး နှစ်ခုတွေ့ပါမယ်။ အကောင့် Create လုပ်တာက ပြပြီးပြီဆိုတော့ အရင်ရှိခဲ့တဲ့ အကောင့်တစ်ခုခုကို ဝင်ပြပါမယ်။ ဆိုတော့ I already have a wallet ဆိုတာနှိပ်လိုက်ပါ။ Multi-Coin Wallet ကို ထပ်ရွေးပြီး ကို့ရဲ့ Seed Phrases စာလုံး (၁၂လုံး/၂၄လုံး)ကို Paste ချ Wallet Name ကြိုက်တာရေးပြီး Import လုပ်လိုက်ရုံပါပဲ။ (အောက်ပုံ)
Seed Phrases ပဲ ဖြစ်ဖြစ် Private Key နဲ့ဖြစ်ဖြစ် ပြန်ဝင်ရင် အရင်မူလ ကိုယ့်ရဲ့ Access အားလုံးပြန်ရပါတယ်။ ဒါကြောင့် Seed Phrases ဖြစ်ဖြစ် Private Key ဖြစ်ဖြစ် passwords တစ်ခုလို သဘောထားပြီး သေချာ ရေးမှတ်ထားသင့်ပါတယ်။ (Passwords ထက် ပိုအရေးကြီးပါတယ် မြင်သာအောင် ယှဥ်ပြတာပါ)
ဒီလောက်ဆို TrustWallet နဲ့ပက်သက်ပြီး အနည်းအကျဥ်းတော့ သိလိမ့်မယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Yann Min Htan