Twitter Account ဖွင့်နည်း။

ဒီ Article က Twitter Account မဖွင့်တတ်တဲ့သူတွေအတွက်သာ ရည်ရွယ်ပါတယ်။ပထမဦးဆုံး Twitter Account မဖွင့်ခင် Twitter ကို ဘာ့ကြောင့် ဖွင့်ဖို့လိုအပ်လဲ ပြောပြပါ့မယ်။

Twitter ဆိုတာ Social Media Platform တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုထိတော့ Facebook ကို Social Media အနေနဲ့ အဓိကထားသုံးကြပါတယ်။ Twitter ကိုတော့ သိပ်သုံးကြမယ်လို့မထင်ပါဘူး။ ဒါကြောင့်လည်း အကောင့်ဖွင့်နည်းနဲ့ သူနဲ့ပက်သက်တဲ့အရာတချို့ ပြောပြဖို့ရာ ဒီစာကိုရေးရခြင်းပါ။ အဓိက Crypto နယ်ပယ်က လူတွေအတွက် အဓိကဦးတည်ပါတယ်။

Crypto Project အများစုက Twitter Page တွေကနေ နေရာယူကြပါတယ်။ ဘာလို့လဲဆို Twitter ရဲ့ Public API တွေကနေတဆင့် သူတို့ Page ကို ဘယ်သူတွေလာ Follow ထားသလဲ၊ ဘယ်Tweet မှာ ဘယ်သူတွေ Retweet လုပ်သွားလဲဆိုတာတွေကိုကစ item တစ်ခုချင်းစီတိုင်းကို List ထုတ်ယူလို့ရပါတယ်။ ဒါတွေကြောင့်လဲ Airdrop task တွေမှာ Twitter Follow,Retweet task တွေ ပါလာရတာပါ။

ဒါက သဘောကိုပြောပြခြင်းသက်သက်ပါ။ Twitter ဆိုတာ Facebook တို့ တခြား Social Media ထက်စာရင် Hashtag Engagement မှာ အရမ်းကို အားသာပြီး Hashtag အလိုက် တင်တဲ့သူရဲ့ Name နဲ့ စာရင်းတွေတောင် ကောက်ယူလို့ရပါသေးတယ်။ ပြီးတော့ တခြား Social Media တွေထက် ပိုပြီး Smart ဖြစ်တယ်ပြောရမလား ကမ္ဘာ့အသီးသီးက နယ်ပယ်စုံက ထင်ပေါ်ကျော်ကြားတဲ့ Influencer ,Public Figure, Artist တွေထိ Twitter ကိုသေချာသုံးကြပါတယ်။

ဒီတော့ Twitter Account ဖွင့်နည်းပြပေးပါ့မယ်။

ပထမဦးဆုံး Twitter Application မရှိသေးရင် ဒီကနေ Download ဆွဲပါ။

Download / Install တင်ပြီးရင် App ထဲကို ဝင်လိုက်ပါ။

တကယ်လို့ ကိုယ့်မှာအကောင့်ရှိပြီးသားဆို အပေါ်က ပြထားတဲ့အတိုင်း အောက်နားက 'Log in' ဆိုတဲ့ စာလေးကိုနှိပ်ပြီး ကိုယ့် mail/ph ရယ် Passwords ရယ်ဖြည့်ပြီး Login ဝင်လိုက်ရုံပါပဲ။

ကိုယ့်မှာ မရှိသေးသေးရင်တော့ အသစ်ဖွင့်ဖို့ Create Account ဆိုတာလေးကို နှိပ်ပေးရပါမယ်။ အောက်မှာပြထားပါတယ်

Create Account ကိုနှိပ် ပြီးရင် User Agreement အမှန်ခြစ်ပေးပြီး ကိုယ့်ဖွင့်ချင်တဲ့ info အတိုင်းဖြည့်လိုက်ရုံပါပဲ။ ဥပမာ ကျနော်ဖြည့်ထားတဲ့ဟာက နာမည်က Win Thu, ပြီးတော့ gmail ထည့်ပြီး၊ ကိုယ့် မွေးနေ့ကို ရွေး၊ ပြီးရင် Sign Up လုပ်လိုက်ရုံပါ။ Ph no နဲ့ဖွင့်ချင်တဲ့သူက Gmail အစား ဖုန်းနံပါတ်နဲ့ဖွင့်လို့ရပါတယ်။

ပြီးရင် Verification Code တောင်းပါလိမ့်မယ်။ Gmail နဲ့ဖွင့်ထားရင် ကိုယ့် Gmail ကို ပို့ထားပါလိမ့်မယ်။ (ဖုန်းနံပါတ်နဲ့ဖွင့်ရင် ဖုန်းနံပါတ်ကို SMS ပို့လာပါလိမ့်မယ်။) အခုကျနော်က Gmail နဲ့ဖွင့်ထားလို့ Gmail က ပို့လာတဲ့ Codeကို Verification Code ထည့်ရမယ့်နေရာမှာ ထည့်လိုက်ပါတယ်။

ပြီးကျ Password သက်မှတ်ရပါတော့မယ်။ Password တစ်ခုမှာ အင်္ဂလိပ်စာလုံး အကြီး၊အသေး၊ဂဏန်း စုစုပေါင်း (၈)လုံးအထက် ​ဖြစ်ရပါမယ်။ Special Character ( @?!# ) တွေပါရင် ပိုပြီးကောင်းပါတယ်။ ဥပမာ Winthu235! ။

Password သက်မှတ်ပြီးတဲ့အခါကျရင် နောက်တစ်ခုမှာ Profile တင်ရမယ့်နေရာပါ။ မတင်ချင်သေးရင် Skip(ကျော်)ခဲ့လို့ရပါတယ်။ ပြီးရင် Bio ရေးရမယ့်နေရာမှာ ကြိုက်တာ ရေးလို့ရပါတယ်။ ကျနော်ကတော့ Hello ဆိုပြီး ရေးခဲ့ပါတယ်။

ပြီးရင် Sync Contacts ,Not now ကြိုက်ရာနှိပ်ပြီး နောက် Pageမှာ ကိုယ်ကြိုက်တတ်တဲ့ ဟာတွေရွေးလို့ရပါတယ်။ ဥပမာ Music ထဲက ဘယ်လိုအမျိုးစားကိုကြိုက်တတ်လဲ၊ Gaming ထဲက ဘယ်လိုဂိမ်းမျိုးကြိုက်တတ်လဲ စသည်ဖြင့်ရွေးထားရင် Twitter AI က မှတ်ထားပေးပြီး ကိုယ့်ရဲ့ New Feed မှာ ကိုယ်ကြိုက်တတ်တဲ့အရာတွေကို ဦးစားပေးဖော်ပြ​ပေးမှာဖြစ်ပါတယ်။

အပေါ်က ပုံက ဘာမှမဟုတ်ပါဘူး။ Dark Mode ပြောင်းနည်းပါ။ မျက်လုံးစူးတာမခံနိုင်တဲ့ သူတွေအတွက် Dark Mode ကို အပေါ်ကပုံမှာပြထားသလို ပြောင်းလို့ရပါတယ်။

ပြီးကျ Username ချိန်းထားသင့်ပါတယ်။ Username ဆိုတာ ရိုးရိုး Name နဲ့မတူပါဘူး။ ကြိုက်တာသက်မှတ်လို့ရပြီး တစ်ယောက်နဲ့တစ်ယောက်တူလို့မရပါဘူး။ User identity အတွက်လည်းသုံးသလို Url မှာလဲ ကိုယ် username နဲ့ Linking လုပ်လို့ရပါတယ်။ အပေါ် ပုံထဲမှာ ပြထားတဲ့အတိုင်း Menu ကနေ Setting and privacy ကိုနှိပ်ပါ။ ပြီးရင် Account ထပ်နှိပ်ပြီး Username ကိုနှိပ်ပါ။ သူ့ရဲ့ Default သက်မှတ်ထားတဲ့ Username ကိုဖျက်ပြီး အသစ်ပြန်ရေးပါ။ (Username မှာ Space မခြားရပါ) ။ Airdrop သမားတွေအတွက်တော့ Username ကိုတိုတိုတုတ်တုတ်နဲ့ မှတ်မိလွယ်တာမျိုး ထားသင့်ပါတယ်။ (အလွှတ်ရလေပိုကောင်းလေပါ)

ပြီးရင် Seeting and privacy ထဲကနေပဲ Safety မှာ Sensitive ကို On ထားပါ။

ကိုယ့်အကောင့်ရဲ့ Profile link ကို အပေါ်မှာပြထားတဲ့အတိုင်း Copy ယူလို့ရပါတယ်။ Menu ထဲကနေ Profile ထဲဝင် ပြီးရင်အပေါ်က အစက်သုံးစက်ကိုနှိပ်ပြီး Share လိုက်ရင် ကိုယ့် Profile link ကို ယူလို့ရပါတယ်။

ဒီလောက်ဆို Airdrop အတွက် အဆင်ပြေတဲ့ Twitter Account တစ်ခု ဖွင့်ပြီးပြီလို့ သက်မှတ်လို့ရပါတယ်။

Yann Min Htan

--

--

I'm Fining for All

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store