Twitter Retweet အကြောင်း

အခုတစ်ခါ Twitter မှာ Retweet ,Quote Retweet တွေအကြောင်းနဲ့ Airdrop Task တွေမှာ ဘယ်လိုလုပ်ရမလဲ ဆွေးနွေးပေးပါ့မယ်။

(မြှားနှစ်ခြောင်း လေးထောင့်ပုံလည်နေတဲ့ဟာကို Retweet Button လို့ခေါ်ပါတယ်)

Retweet အကြောင်းမပြောခင် Retweet ဆိုတာဘာလဲရှင်းအောင်ပြောပြချင်ပါတယ်။ Retweet ဆိုတဲ့သဘောက Post(Tweet) တစ်ခုကို ကိုယ့်ရဲ့ Wall(Profile) မှာ ပေါ်စေခြင်းပါ။ ဒါပေမယ့် Retweet လုပ်ရင် ရိုးရိုးRetweet နဲ့ Quote Retweet ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဘာကွာသွားလဲဆို Retweet လုပ်ရင် မူရင်းPost(Tweet)ကို ကိုယ့်ရဲ့ Wall(Profile)ထဲမှာ ပေါ်နေရုံသက်သက်ပဲ စွမ်းဆောင်ပေးတာပါ။ ဒါကြောင့် ရိုးရိုး Retweet လုပ်ထားလို့ ကိုယ့်Wallထဲပေါ်နေတဲ့ Tweetကို Link Copy ယူရင်လည်း မူရင်းLinkပဲရမှာပါ။ အောက်မှာ ရိုးရိုးRetweet လုပ်နည်းနဲ့ ကိုယ့်Wallမှာ ပေါ်နေတဲ့ပုံစံကို ပြထားပါတယ်။

Quote Retweet ကျတော့ Facebook မှာ Post တစ်ခုကို Share လိုက်တာနဲ့တူပါတယ်။ ကိုယ်ကြိုက်တာလည်း ထပ်ရေးလို့ရပါတယ်။ သူ့ကို Link Copy ယူလိုက်ရင်လည်း ကိုယ့်ရဲ့ Url နဲ့ Link ရပါတယ်။ ဒါကြောင့်မို့ Airdrop တစ်ခုမှာ “Like ,Retweet လုပ်ပြီး လူနှစ်ယောက်ကို မန်းရှင်းခေါ်ပါ။ပြီးရင် Retweet link ဖြည့်ပါ” လို့ပြောခဲ့ရင် Quote Retweet ကိုလုပ်ပေးရပါမယ် Likeပါလုပ်ခိုင်းတဲ့အတွက် အသဲပုံလေးပါပေးရမယ်။ ။ အောက်ကပုံမှာ စောနက ဥပမာအတိုင်း လူနှစ်ယောက်ကို မန်းရှင်းခေါ်ပြီးLinke and Retweet လုပ်ပြထားပါတယ်။

ပုံထဲမှာ လူနှစ်ယောက်ကို Mention ခေါ်ပြီး Quote Retweet လုပ်ပြထားတာပါ။ ဒီလိုဆိုတော့ Wall ထဲမှာ အောက်ကလို ပေါ်နေမှာပါ။ စောတုန်းက ရိုးရိုးRetweet နဲ့မတူတော့ပါဘူး။ အောက်နားက Share Button လေးကိုနှိပ်ပြီး Link Copy ယူလို့ရပါတယ်။ အောက်မှာ Link Copy ယူတာပြထားပါတယ်။

Airdrop Task မှာ Retweet လုပ်ပါလို့ပဲပါရင် ကြိုက်တဲ့နည်းနဲ့ Retweetလို့လို့ရပါတယ်။ ဒါပေမယ့် Retweet link တောင်းတယ်ဆိုရင် Quote Retweet လုပ်ပေးမှရပါတယ်။ ဒီအတိုင်းပဲ လူနှစ်ယောက်/သုံးယောက်ကို Mention ခေါ်ပြီး Retweet လုပ်ပါဆို သေချာပါတယ် Quote Retweet လုပ်ရမှာပါ။

အပေါ်ကပုံတွေက ဥပမာပေးပြီး လုပ်ပြထားတာဖြစ်တဲ့အတွက် Binance Page ကို လုပ်ပြထားတာပါ။ ကိုယ်လုပ်မယ်ဆိုရင် ဘယ် Page က ဘယ်Tweetကို Retweet လုပ်ခိုင်းတာလဲ သေချာသိရပါမယ်။ (အများအားဖြင့်တော့ Linkကနေဝင်ရတာဆိုတော့ မမှားပါဘူး။) Follow & Retweet ဆို Pageကိုလည်း Follow ပေးဖို့လည်းမမေ့ပါနဲ့။ Page Follow လုပ်နည်း မသိမှာဆိုးလို့ ဥပမာအနေနဲ့ Binance ကိုပဲ ပြပေးထားပါတယ်။

ဒီလောက်ဆို Airdrop မှာ Retweet,Quote Retweet ကို သဘောပေါက်ကြမယ်ထင်ပါတယ်။

Yann Min Htan

--

--

I'm Fining for All

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store